ရသေ့တောင် စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်ပျံလွန်တော်မူသွားသည့် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျောင်းတိုက် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ယာယီစံကျောင်း၌ အပူဇော်ခံထားရှိရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က စေတီယင်္ဂဏကျောင်း တိုက်ရာ တော်ကြီးဘဒ္ဒန္တ ပညာသာမိအမှူးပြုသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရန် ဝန်ထမ်းများက သွားရောက်ဖူးမျှော်ကာ လိုအပ်သည်များ စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ယာယီ ဒုံးပိုက်ဆရာတော်အား လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းကာစီစဥ်ဆောင်ရွက်ထားရှိများကို လျှောက်ထားပြီး ဆရာတော်၏ သဩဝါဒကိုခံယူကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဒုံးပိုက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံပြီးလိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဒုံးပိုက်ကျောင်းတိုက် ပဓာဏ နာယကဆရာတော်ကြီး ဘဒ္ဒန္တဝဏ္ဏသည် ယခုလ ၂၆ ရက် နံနက်ပိုင်းတွင် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ပြီး ဆရာတော်ကြီး ပျံလွန်တော်မူချိန်၌ သက်တော် ၁၀၄ နှစ် ဝါတော် ၈၄ ဝါရှိပြီ ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)