ဒေးဒရဲ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူငယ်များ နည်းပညာနှင့် မီဒီယာလုပ်ငန်းများ ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်း သင်တန်းကို ယနေ့ နံနက် (၁၀)နာရီက စတင်၍ သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဓာတ်ပုံကျွမ်းကျင် (၂) ဦးအေဇာလင်းက ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်ထုတ်လုပ်ခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိရာ စိတ်ပါဝင်စားသည့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များက လူငယ်များ တက်ရောက်လေ့လာသင်ယူလျက် ရှိကြောင်း သိရသည်။
ဒေးဒရဲမြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ရွာအခြေပြု မုန့်လုပ်နည်းသင်တန်းများ၊ အခြေခံပန်းအလှ ထိုးနည်းသင်တန်းများအား ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း