ကရသူရိ စက်တင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျောင်းခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ကရသူရိမြို့ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးက မီးဘေးအန္တရာယ်အကြောင်း၊ မီးဘေးလုံခြုံရေး၊ မီးကိုစနစ်တကျသုံးစွဲရေး၊ လျှပ်စစ်ဝါယာကြိုး၊ မီးကြွင်း/မီးကျန် စသည်တို့ကို ပညာပေးဟောပြောသည်။ ထို့နောက် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဗူးအသုံးပြုနည်း၊ အသက်ကယ်အင်္ကျီ စနစ်တကျဝတ်ဆင်နည်းတို့ကို လက်တွေ့သရုပ်ပြ၊ ပြသဆောင်ရွက်ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)