ရက်ချိန်းပေးစနစ်ဖြင့် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို တစ်ရက်လျှင် ဦးရေ(၅၀၀)မှ ဦးရေ(၅၈၀)အထိ ဝင်/ထွက်သွားလာနိုင်ရေး တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ

မူဆယ် စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်လူဝင်/ထွက်ဂိတ်များမှ (၆)ညအိပ်(၇)ရက်ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို ရက်ချိန်းပေးစနစ်ဖြင့် ပိုမိုအဆင်ပြေအောင်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်၈နာရီအချိန်က  ကောင်းမှုတုံရပ်ကွက်၊ ငွေဆင်အိမ်ရာတွင် တစ်ရက်လျှင် ဦးရေ(၅၀၀)မှ ဦးရေ(၅၈၀)အထိ နယ်စပ်ဖြတ်သန်းဝင်/ထွက်သွားလာနိုင်ရေးကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။

အဆိုပါ ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို စက်တင်ဘာ(၄)ရက်နေ့မှစ၍ စတင်ဆောင်ရွက်ပေးလျက်ရှိရာ မန့်ဝိန်းဂိတ်ပေါက်၌ စက်တင်ဘာလ(၁၃)ရက်နေ့တွင် (၁၄)ရက်၊ (၁၅)ရက်၊(၁၆)ရက်နေ့အတွက် (၃)ရက်စာ ဦးရေ(၁၅၀၀)အား စတင်ဆောင်ရွက်ပေးခဲ့ပြီး စက်တင် ဘာ(၁၆)ရက်နေ့တွင် မူဆယ်မြို့၊ကုန်သည်ကြီးများအသင်းရုံးဝန်းအတွင်းတွင် စက်တင်ဘာ (၁၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၁၆)ရက်စာဦးရေ(၆၄၆၆)ဦးအား  နန်းတော်ဂိတ်တွင် ဦးရေ (၃၀၀) နှင့် ဆင်ဖြူဂိတ်တွင် ဦးရေ(၂၀၀)ဖြင့် တစ်ရက်လျှင် ဦးရေ(၅၀၀)နှုန်းဖြင့် နယ်စပ်ဖြတ်သန်း ဝင်/ထွက်သွားလာနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အတူ ယမန်နေ့က တတိယအကြိမ်ရက်ချိန်းပေးစနစ်ဖြင့်ဆောင်ရွက်ရာတွင် စက်တင်ဘာလ(၃၀)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ (၉)ရက်စာဦးရေ(၅၀၃၀)ကျော်အား ဆောင်ရွက်ပေးခဲ့ပြီး တစ်ရက်လျှင် ဦးရေ(၅၀၀)နှုန်းမှ ဦးရေ(၅၈၀)အထိ နန်းတော်ဂိတ်တွင် ဦးရေ(၃၃၀)နှုန်းနှင့် ဆင်ဖြူဂိတ်တွင်လည်း ဦးရေ(၂၅၀)နှုန်းအထိ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ ရက်ချိန်ပေးစနစ်ဖြင့်ဆောင်ရွက်ရာတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၏လမ်းညွှန်မှုဖြင့် မူဆယ်ခရိုင်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ဦးစီးကြပ်မတ်၍ နယ်စပ်ဂိတ်လဝကဒုတိယဌာနခွဲမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေမိုးနှင့်တကွ မြို့နယ်ဦးစီးအရာရှိ ဦးစန်းလွင်နှင့်ဝန်ထမ်းများ၊ လူကုန်တားရဲတပ်ဖွဲ့မှ တာဝန်ရှိကြသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို ရက်ချိန်းပေးစနစ်ဖြင့် ပိုမိုအဆင်ပြေအောင် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။ထိုကဲ့သို့ဆောင်ရွက်နေမှုအား မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းနှင့်တကွတာဝန်ရှိကြသူများက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)