မြစ်သား စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်လွှဲ(၁)နာရီအချိန်က မြစ်သားမြို့ မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၁) ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ဦးဆောင်၍ မြစ်သားမြို့မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများသို့ မီးလန့်မှုမီးလောင်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊မီးဘေးကြိုတင်ကာကွယ်ရေးအတွက်ရေများ၊ မီးသတ်ဆေးဘူးများ အဆင့်သင့်ထားရှိမှုနှင့် မီးသတ်ဆေးဘူးများ စနစ်တကျပြင်ဆင်ထားရှိပြီး လေပေါင်ရှိ/မရှိတို့ကို စစ်ဆေးကာမီးဘေးလုံခြုံရေးဆိုင်ရာတို့ကို အသိပညာပေးလိုက်လံစစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)