ဇမ္ဗူသီရိမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဇမ္ဗူသီရိ အောက်တိုဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး နည်းပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တဲကြီးကုန်းကျေးရွာ SMU ခန်းမတွင် ကျင်းပရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူ ၇၂ ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော် ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်က အယ်လ်နီညိုရာသီဥတုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအပေါ် သက်ရောက်လာမည့် ထိခိုက်နစ်နာမှုများကို အနည်းဆုံးဖြစ်စေရန် ကြိုတင်ပြင်ဆင် ရမည့်အချက်များ၊ စိုက်ပျိုးနည်းစနစ်များ၊ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် လုပ်ငန်းများစသည့် အသိပညာပေး အကြောင်းအရာများကို အသေးစိတ်ဟောပြောရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် နည်းပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)