မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်(က)ရပ်ကွက်တွင် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရာသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေး

ပြည်ကြီးတံခွန် အောက်တိုဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်(က)ရပ်ကွက်ရှိ အကွက်အမှတ်(ယ-၂)တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေသည့် စာရင်းကောက်ကွက်သို့ ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ အတွင်းရေးမှူးဦးမြင့်လွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုအားပေးရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မဟာအောင်မြေခရိုင် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဝင်များ၊ မြို့နယ်သန်းခေါင် စာရင်းကောက်ယူရေးကော်မတီဝင်များ၊ ရပ်ကွက်သန်းခေါင်စာရင်းကောက် ယူရေးကော်မတီဝင် များ၊ ရပ်ကွက်အထောက်အကူပြုအဖွဲ့များနှင့်အတူ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူလျက်ရှိသည့် အိမ်အမှတ်(ယ-၂/၃၆)နှင့် (ယ-၂/၄၈) သို့ ရောက်ရှိပြီး နေအိမ်ရှိ အိမ်ထောင်ဦးစီးနှင့် စာရင်းကောက်များအား တွေ့ဆုံ၍ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ စာရင်း‌ကောက်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)