ငဖဲ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန်လျာထား ဧက (၉၀၅၈) ဧက ဖြစ်ပြီး အမှန်စိုက်ပျိုးပြီးဧကမှာ (၉၃၅၆) ဧက စိုက်ပျိုးနိုင်ခဲ့ကာ လျာထားချက်ထက် (၂၉၈) ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးမှ သိရှိရသည်။
စိုက်ပျိုးပြီးစီးသည့် စပါးမျိုးကွဲအလိုက်စိုက် ဧကမှာ မနောသုခ( ၃၃၇၉ )ဧက၊ ဆင်းသုခ ( ၂၀၁၂ )ဧက၊ ရတနာတိုး (၂၂ )ဧက၊ ဧရာမင်း ( ၃၃၃၉ ) ၊ ဆာပိုးသာ (၃)ဧက၊ ကောက်ညှင်း (၄၈ ) ဧကနှင့် တောင်ယာ စပါး ( ၅၅၃ ) ဧက စုစုပေါင်း ( ၉၃၅၆ )ဧက စိုက်ပျိုးပြီးစီးပြီး ယခင်နှစ်ကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။ ငဖဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးဧက ၈၃၁၁ ဧကစိုက်ပျိုးရန် လျာထားခဲ့ရာမှ စိုက်ဧက ( ၉၀၅၈ ) စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ( ၉၀၅၈ ) ဧကတွင် တစ်ဧက အထွက် နှုန်း (၈၀.၇၄ ) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးရန်ရေရရှိမှုနည်းလမ်းများအရ အစိုးရဆည်များဖြစ်သော မန်းချောင်းရေလှောင် တမံ ဆည်မှ (၃၂၀၁ ) ဧက၊ ရင်းရှည်ရေလှောင်တမံဆည်မှ ( ၅၃၀ )ဧက၊ ဆည်ငယ်၊ ကန်ငယ်များမှ (၄၇၇၅ ) ဧက၊ မိုးကောင်းရေသောက်မှ (၂၉၇ )ဧကနှင့် တောင်ယာစိုက်ဧက ( ၅၅၃ )ဧက သို့ စိုက်ပျိုးရေ ရရှိပြီး စိုက်ပျိုးပြီးစီးခဲ့သည်။
ယခုနှစ်မိုးစပါးစိုက်ဧကကို ယခင်နှစ်ကထက် (၂၉၈)ဧက ကျော်လွန်စိုက်ပျိုးနိုင်ခြင်းမှာ ၂၀၂၃ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆည်ကန် တာတမံများအတွင်း ရေဝင်ရောက်မှုရှိသဖြင့် ယခင်နှစ်စိုက်ဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)