အုတ်တွင်းမြို့နယ်၌ ကြံလမိုင်းခင်းအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် စနစ်တကျ ခုတ်သိမ်းခြင်း နည်းပညာပေးဆွေးနွေးပွဲကျင်းပ

အုတ်တွင်း အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲဇုံအတွင်းရှိ တင်းကုတ်တန်း‌ကျေးရွာ၊ ညောင်လွင့်‌ကျေးရွာ၊ မြေစီး‌ကျေးရွာ၊ ညောင်ခြေထောက်‌ကျေးရွာ၊ ဘုရားနှစ်ဆူ‌ကျေးရွာနှင့် ဂုံမင်းသာကျေးရွာအုပ်စုအတွင်းရှိ‌ ကြံစိုက်တောင်သူများအား ကြံလမိုင်းခင်း အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များနှင့် ကြံလမိုင်းခင်းအတွက် ကြံစနစ်တကျခုတ်သိမ်းခြင်း နည်းပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က တင်းကုတ်တန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ ကြံလမိုင်းခင်း အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များနှင့် ကြံလမိုင်းခင်းအတွက် ကြံစနစ်တကျ ခုတ်သိမ်းခြင်း နည်းပညာဆွေး‌နွေးခြင်းတွင် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးညီညီက အမှာစကား ပြောကြားခဲ့ပြီး၊ ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာ  ကြံသုတေသနခြံမှ ဦးစီးအရာရှိ ဦးသိန်းဆွေမှ ကြံနှင့်ပတ်သက်သည့် နည်းပညာများ ဆွေးနွေးခဲ့ရာ၊ တက်ရောက်လာသည့် ကြံစိုက်တောင်သူများမှ သိရှိလိုသည်များမေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးညီညီနှင့်ကော်မတီဝင်များ၊ ကျေးရွာ(၆)ရွာမှ ကြံစိုက်တောင်သူများ တက်ရောက်ခဲ့ကြပြီး ကြံလမိုင်းခင်းအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ခြင်း အသိပညာပေး လက်ကမ်းစာစောင်များအား ကြံစိုက်တောင်သူများထံသို့ တာဝန်ရှိသူများက ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကာ၊ ကြံစိုက်တောင်သူများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)