ဗန်းမော် အောက်တိုဘာ ၂၀
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြု သင်တန်းကျောင်းတွင် အပတ်စဉ်(၁၇) သူနာပြု-သားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲ အခမ်းအနား ကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သူနာပြုသင်တန်းကျောင်း ဗန်းမော်မြို့၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့တို့မှ နေရာယူပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က "သင်တန်းဆင်း သူနာပြု မောင်မယ်များအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အမှန်တကယ် အားကိုးအားထားပြုထိုက်သော သူနာပြုများဖြစ်အောင် ကြိုးစာကြဖို့လိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဗန်းမော်ပြည်သူ့ဆေးရုံ(ယာယီ)ဆေးရုံအုပ်ကြီး ဒေါက်တာမင်းမော်ကို က သင်တန်းဆင်း သူနာပြုသင်တန်းသား/သူများကို ဂုဏ်ပြုမိန့်ခွန်း မြွက်ကြားပေးသည်။ သင်တန်းဆင်း အောင်လက်မှတ်ရယူမည့် သင်တန်းသား/သူများမှ ကတိပြုကြပြီး သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်နွယ်နွယ်စိုးက အောင်လက်မှတ်များ အပ်နှင်းသည်။ ထို့နောက် သူနာပြုသင်တန်းကျောင်းအုပ်ကြီးက ဆုံးမဩဝါဒစကားမြွက်ကြားကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ သူနာပြု သင်တန်းကျောင်း ဗန်းမော်မြို့တွင် အမှတ်စဉ်(၁၇)၌ သင်တန်းဆင်းကျောင်းသား/သူ (၂၈) ဦးရှိပြီး အမှတ်စဉ်(၁)မှ အမှတ်စဉ်(၁၇)အထိ သင်တန်းသား/သူပေါင်း(၇၈၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်