သနပ်ပင်မြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုလျော့နည်းစေရေး ဆောင်ရွက်ပေး

သနပ်ပင် အောက်တိုဘာ ၂၀

သနပ်ပင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းသက်သာစွာဖြင့် ရိတ်သိမ်းနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်စီစဥ်ပေးမှုဖြင့် ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက် (၅) စီးဖြင့် ကျေးရွာများအရောက် ရိတ်သိမ်းဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းဆောင်ရွက်ပေးရာတွင် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)