ပေါင် အောက်တိုဘာ ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် အမှတ်တံဆိပ်ဆေးနှင့်စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်းကို အောက်တိုဘာလ ၁၈ ရက်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့ပေါ်ရပ်ကွက်အတွင်းရှိဆေးဆိုင်များ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပေါင်စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးအောင်မျိုးဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ရောင်းချနေသည့်ဆိုင်များ၌ ဆေးဝါးမှတ်ပုံတင် ခွင့်ပြုအမှတ်မပါရှိသော တရားမဝင်တင်သွင်းဖြန့်ချီလျက်ရှိသည့် အမှတ်တံဆိပ်ဆေးအမျိုးမျိုးတို့ကို ဘေးအန္တရာယ် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှု ရှိ/မရှိ တို့ကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)