မန္တလေး အောက်တိုဘာ ၆
၂ဝ၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အ.ထ.က(၁၆)၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ အ.ထ.က(၁၆)မှ ဆရာမများက“မြတ်ဆရာ” သီချင်းဖြင့်ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီး ဦးအောင်မင်းက ဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းက ဖတ်ကြားကာ ဆရာကြီး၊ ဆရာမကြီးများက “မြတ်ဆရာ”သီချင်းဖြင့် ဖျော်ဖြေကြသည်။
ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ၊ (အထက်တန်းဆင့်) ဆုရရှိသူ (၃)ဦး စာစီစာကုံးပြိုင်ပွဲ (အလယ်တန်းဆင့်) ဆုရရှိသူ (၃)ဦး၊ ကဗျာပြိုင်ပွဲ (အထက်တန်းဆင့်) ဆုရရှိသူ (၃)ဦး တို့အား တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအဆင့်ဝန်ကြီးများက ဆုများအသီးသီးချီးမြှင့်ပေးကြသည်။
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ သယဲဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)