ပလောက် အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က စာရေးဆရာမခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစု” စာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင် ကစာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကိုစတင်ပြုလုပ်ရာ အဖွဲ့ဝင် ဦးဝင်းမင်းထွေးက စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုစာအုပ်မှ လမ်းလျှောက်ထွက်ကြမယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသွယ်သွယ်ထက်က မွေးမေမေနှင့်ကျွေးမေမေခေါင်းစဉ်ဖြင့် အသီးသီးဖတ်ကြားဆွေးနွေးကြသည်။ ထို့နောက်မြို့ဦးစီးမှူးက စာဖတ်ပရိသတ်များ၏ ဆွေးနွေးချက်များအပေါ်ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်(ပလောက်)