ရေနံချောင်း အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကို အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ ရေနံသာစနေကဗျာဝိုင်မှ ကဗျာဆရာများက စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် လူငယ်များ၏ရွှေရောင်မနက်ဖြန်စာအုပ်ကို ဖတ်ရှုခဲ့ကြပြီး အဆိုပါစာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်