ချမ်းမြသာစည် အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၁၀၁လမ်း(သိပ္ပံလမ်း)၊ ၇၁x၇၂လမ်း ကြားရှိ Mandalay Convention CenterA(MCC)၊ ပရိတ္တဝါ အနုပညာပြခန်း( The Paritava Art Gallery)တွင် Different Together Art Exhibition အမည်ရ မတူညီသော စုပေါင်းလက်ရာ ပန်းချီပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ပြသခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပန်းချီပြပွဲတွင် လူငယ်ပန်းချီဆရာများဖြစ်သော ကြည်ခိုင်မင်း၊ လှိုင်မျိုး၊ သန်းနိုင်ဦး၊ အောင်ကျော်ဇောသန့်တို့၏ မတူညီသော စုပေါင်းလက်ရာပန်းချီကား ၈၁ ကားကို ခင်းကျင်းပြသထားရှိပြီး (၇.၁၀.၂၀၂၃)နေ့မှ (၉.၁၀.၂၀၂၃)နေ့ထိ နေ့စဉ် ၁၀:၀၀ နာရီ မှ ၁၇:၀၀ နာရီအချိန်ထိ ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)