ထန်းတပင်(ပဲခူး) ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် စစ်တောင်းမြစ်ရေများ ရေလျှံတက်မှုကြောင့် စာသင်ကျောင်း(၁၄)ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းများမှာ အ.ထ.က ထန်းတပင်၊ အ.လ.က(ခွဲ) ဆိပ်ကြီး၊ အ.မ.က(လွန်)သူကောင်းဖြစ်၊ အ.မ.က(လွန်) မိုးမခ၊ အ.လ.က အုန်းပင်၊ အ.မ.က (လွန်)ဒိုးသောင်၊ အ.မ.က (လွန်) ကြို့ပင်ဆိပ်၊ အ.မ.က (လွန်) ဥယျာဉ်စု၊ အ.မ.က(လွန်) ကြို့ကုန်း၊ အ.မ.က (လွန်)ချောင်းဝ၊ အ.မ.က (လွန်) ရေကျော်၊ အ.မ.က(လွန်) ကျွန်းသုံးပင်၊ အ.လ.က(ခွဲ)ကရင်နီကုန်း၊ အ.လ.က(ခွဲ)ပဲပုတ် စသည့်စာသင်ကျောင်း(၁၄)ကျောင်းမှာ ယာယီပိတ်ထားသည့်အတွက်ကြောင့် ကျောင်းသား၊ ကျောင်းသူ (၄၅၄၂)ဦးမှာ ကျောင်းတက်ရောက်နိုင်ခြင်းမရှိကြောင်းနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ပါက အစားထိုးပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)