မကွေးတိုင်းဒေသကြီးအစိုးအဖွဲ့မှ ဒုတိယအကြိမ် တက္ကသိုလ်၀င်တန်းစာစစ်တာ၀န်ထမ်းဆောင်ခဲ့သော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

မကွေး ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီးအစိုးအဖွဲ့မှ ဒုတိယအကြိမ် တက္ကသိုလ်၀င်တန်းစာစစ်တာ၀န် ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုပွဲချီးမြှင့်ပွဲအခမ်းနားကို ဇူလိုင် ၂၈ ရက်နေ့နံနက်ပိုင်းက မကွေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်ဆိုင်ရာစာစစ်ဌာနအသီးသီးမှ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ စာပေနှင့်အနုပညာအသင်း၀င် ကျောင်းသား/သူများက အလှဝေဖြာ ပြည်မြန်မာသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး၀န်ကြီးချုပ်က ဒုတိယအကြိမ်တက္ကသိုလ်၀င်တန်း စာစစ်တာ၀န်ထမ်းဆောင်ခဲ့သော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်မှ ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မကွေးတက္ကသိုလ်ပါမောက္ခချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စာပေနှင့် အနုပညာအသင်း၀င် ကျောင်းသား၊ ကျောင်းသူများက စည်းဟန်ဝါးကျမြန်မာသီချင်းဖြင့်လည်းကောင်း၊ စန္ဒကူးဆောင်ကျောင်းသူများက Angel Baby သီးချင်းဖြင့် ကပြ‌ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)