သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုအခြေအနေနှင့် သတ္တသတ္တာဟဟောစေတီ မိဂဒါဝုန်ဘေးမဲ့တောဥယျာဉ်အနီး သဲနှုန်းများအား စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေး
Oct 10,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါ၍ မိုးရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်မှုမဖြစ်စေရေးအတွက် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် တမံကြံ့ခိုင်မှုအခြေအနေများအား ယမန်နေ့မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
မုဒုံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Oct 10,2023
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်ဝပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၃) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
အိမ်မဲမြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းများ၊ အသိပညာပေး နံရံကပ်စာစောင်များပြသ
Oct 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာ ဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထ ကောင်းများ ရရှိစေရန် ရည်ရွယ်၍ အ.မ.က ကျုံခရီပိုင်းကျောင်းနှင့် အ.မ.က လေးအိမ်တန်း ကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ စာဖတ်ဝိုင်းများနှင့် အသိပညာပေး နံရံကပ် စာစောင်များ ပြသခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့သစ်မြို့နယ် လဲလူကျေးရွာတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Oct 10,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် မြို့သစ်မြို့နယ်၊ လဲလူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ယမန်နေ့နေ့လည်ပိုင်းက သွားရောက်ကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။
ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က Women Club အဖွဲ့နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ရေးသား သည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်၌ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Oct 10,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းကို မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ပိုင် မြို့မစျေး၌ ယမန်နေ့နံနက်၇နာရီက ဆောင်ရွက်ခဲ့သည်။
ချောက်မြို့၌ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ဥပဒေနှင့် စာရိတ္တဆိုင်ရာ အသိပညာ​ပေးဟောပြောပွဲ ကျင်းပ
Oct 10,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူး​ပေါင်း၍ အ​ခြေခံပညာ​ကျောင်းများတွင် အသိပညာ​ပေး​ဟော​ပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်၉နာရီက အမှတ်(၂)အ​ခြေခံပညာ အထက်တန်းကျောင်း စွယ်​တော်ခန်းမတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ဥပဒေနှင့် စာရိတ္တဆိုင်ရာ အသိပညာ​ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်၌ စိုက်ပျိုးသည့် မိုးစပါး(၁၂၂၈၆)ဧက အောင်မြင်ဖြစ်ထွန်း
Oct 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ စပါးတောင်သူများ၏ ၂၀၂၃-ခုနှစ် မိုးစပါးများစိုက်ပျိုးမှု လျာထားဧက (၁၂၂၈၆)ဧက စိုက်ပျိုးထားရှိပြီး ကောင်းမွန်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။