ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေါ့ဖုန်းယန် အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က Women Club အဖွဲ့နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ရေးသား သည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စိုးအိအိဖြိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး (Women Club)က္ကဋ္ဌ ဒေါ်ရွယ်ဂျား  "ဆရာမတိုက်ကျွေးသော အားဆေးစကား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဒေါရာ (စာပေ ဝါသနာရှင်) က "စိန်ခေါ်ကြစေချင်ပါသည်" ခေါင်းစဉ်ဖြင်းလည်းကောင်း၊ ဒေါ်ဝေဇင်ဖြိုး (စာပေဝါသနာရှင်) က "ချစ်သမီး ကလေးများအတွက်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဒေါ်ကြည်ကြည်မြ (Women Club) အဖွဲ့ဝင်က "သိင်္ဂါလော ဝါဒသုတ်လာ မိဘဝတ်၊ သားသမီးဝတ်" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဒေါ်ယမင်းသိမ့် (Women Club) အဖွဲ့ဝင်က "ဆရာရေးပေးသော “၁၀” ပြား" ခေါင်းစဉ်ဖြင့် လည်ကောင်း၊ ဒေါ်စုနန္ဒာဇော် (Women Club)အဖွဲ့ဝင်က "ဆွေမျိုးမတော်စပ်သော ဆွေမျိုးများ၏" ခေါင်းစဉ်ဖြင့် မိမိတို့ဖတ်ရှုလေ့လာ နားလည်မှုများအား အသိပညာဗဟုသုတများမျှဝေနိုင်ရန် အပြန်အလှန်ဆွေးနွေးရှင်းလင်းခြင်း၊ လူငယ်/လူရွယ်များကို စာဖတ်ခြင်းအကျိုး ကျေးဇူးများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော (Women Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက ဒေါ့ဖုန်းယန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့ (ပြန်/ဆက်)