ဟိုပန်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်မှု “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ကြည့်ရှုအားပေး
Oct 10,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်း၊ မော်တော်ဆိုင်ကယ်ဦးထုပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ ၊ မြို့လယ်အဝိုင်းတွင် ပြုလုပ်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။