သတင်းများ

တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Oct 10,2023
ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများသည် နိုင်ငံ၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း “ ဇွဲ ”ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် (အ.မ.က) ရွှေတောင်စုကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Oct 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်စု ရပ်ကွက်၊ (အ မ က) ရွှေတောင်စုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
တနိုင်းမြို့ အခြေခံပညာအလယ်တန်း (ခွဲ) - ကင်ဆားရာကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 10,2023
ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးနှင့် ‌မီးဘေးအန္တရာယ် အသိပညာ‌ပေးဟောပြောပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် (၉) နာရီက အခြေခံပညာ အလယ်တန်း‌(ခွဲ) - ကင်ဆားရာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ Women Club စာဖတ်ဝိုင်း ပြုလုပ်
Oct 10,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ Women Clubနှင့်‌ ခရိုင်ရုံးဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ‌ မောင်ခင်မင်(ဓနုဖြူ)၏ "အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ‌ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးစေရန်ကျုံပျော်တွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်။
Oct 10,2023
လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့် ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ ရေစခန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အောက်တိုဘာ ၁၀ ရက် ‌နံနက် ၁၁ နာရီ အချိန်က ကျင်းပပြုလုပ်သည်။
ကလေးမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပညာ‌ပေးဟောပြောပွဲအခမ်းအနားကျင်းပ
Oct 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာတိုးပွားစေရေးအတွက် အသိပညာ‌ပေးဟောပြောပွဲကို အမှတ်( ၈ )‌အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရွှေကူမြို့နယ် အခြေခံပညာမူလတန်းကျောင်း (စက်ကုန်း) သို့ စာအုပ်စာစောင်များလှူဒါန်းခြင်းနှင့် နယ်လှည့်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Oct 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ နယ်လှည့်လုပ်ငန်းများ သွားရောက်ဆောင် ရွက်ပေးလျက်ရှိရာအခြေခံပညာမူလတန်းကျောင်း (စက်ကုန်း)သို့ စာအုပ်စာစောင်များ လှုဒါန်းခြင်းနှင့်နယ်လှည့်အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၁၀ နံနက် ၁၀ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့ အ.မ.က နောင်ယာဆိုင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Oct 10,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ တွေးခေါ်ကြံဆ ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံသည့် လူသားကောင်းများဖြစ်ထွန်းစေရန်၊ ငယ်စဉ်ကတည်းက စာဖတ်ခြင်းကို မွေ့လျော်ပျော်ပိုက်ပြီး စာဖတ်လိုသည့် အလေ့အထရရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ အားလပ်ချိန်ကို စနစ်တကျမှန်ကန်စွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၁)နာရီက အခြေခံပညာမူလတန်းကျောင်း နောင်ယာဆိုင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။