သတင်းများ

ဗဟန်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများက ကျန်းမာ​ရေးစစ်​ဆေးမှုများ အခမဲ့​ဆောင်ရွက်​ပေး
Oct 10,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ဆရာစံ​မြောက်အ​ရှေ့ရပ်ကွက်တွင် အထွေထွေရောဂါကုဆရာဝန်ကြီးများနှင့် ဓာတ်မှန်ဆရာဝန်များ၊ ဆီးချိုသွေးတိုး၊ နှလုံးကုသရေးဆရာဝန်များစုပေါင်း၍ ဦးချစ်​မောင်လမ်းရှိ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ယ​မန်နေ့ နံနက် ၁၀ နာရီမှ ည​နေ ၄ နာရီထိကွင်းဆင်း၍ ကုသပေးခဲ့ကြ​ကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေတားတာဘောင်များ ရေကျော်ခဲ့မှုအပေါ် ချက်ခြင်းတုံ့ပြန်ဆောင်ရွက်
Oct 10,2023
ပဲခူးမြို့နယ်အတွင်း အောက်တိုဘာလ (၆)ရက်နေ့မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် အောက်တိုဘာလ (၈)ရက်နေ့ ညနေပိုင်းက ရေတားတာဘောင်များ ရေကျော်မှုဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
လောင်းလုံးမြို့နယ်ရုံး၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်
Oct 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ယမန်နေ့ညနေ (၃) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်သည်။
ပြင်ဦးလွင်မြို့နယ် စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Oct 10,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စံနန်းထက်ကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြင်ဦးလွင်မြို့ စံနန်းထက်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့်တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူး၊ စာရေးဆရာကိုရွှေအောင်သင်း၊ ပြင်ဦးလွင်မြို့နယ်သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌဒေါ်အေဇင်မေ၊ စံနန်းထက် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ချုပ်သူ ဒေါက်တာနေဇော်ဦးနှင့် တာဝန်ခံဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုံလင်စွာတက်ရောက်သည်။
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် လူငယ်စကားဝိုင်းကို ထားဝယ်မြို့တွင်ကျင်းပ
Oct 10,2023
နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Oct 10,2023
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၏အထင်ကရ ကမ္ဘာကျော်ထင်ရှားသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၏ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ ဘုရားပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေးအတွက် အစည်းအဝေးကျင်းပရခြင်းကြောင်း၊‌ စေတီတော်ဩဝါဒစရိယ ဆရာတော်များ၏ လမ်းညွှန်မှုကိုခံယူပြီး စေတီတော်ဂေါပကအဖွဲ့အား စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းရွေးချယ်စေရေး၊ တောင်တက်မော်တော်ယာဥ်များ ကြံ့ခိုင်မှုရှိစေရေး၊ တောင်တက်လမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်ပိတ်‌ပေါင်းများရှင်းလင်းစေရေး၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ မိလ္လာနှင့်အမှိုက်များ စနစ်တကျစွန့်ပစ်‌စေရေး၊ smoking free zone ဖြစ်ပေါ်လာစေရေး အားလုံးဝိုင်းဝန်းပူး‌ပေါင်းအကြံပြု ဆွေးနွေးကြစေလို‌ကြောင်း ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ပြည်သူ့ဆေးရုံ‌တွင် ဖွင့်လှစ်သင်ကြားနေသည့် အရန်သားဖွား (၆) လသင်တန်း တက်ရောက်သင်ကြားနေသည့် သင်တန်းသူများအားတွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများပေးအပ်
Oct 10,2023
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ (၂) မိုင် ပြည်သူ့ဆေးရုံတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်ဖွင့်လှစ်သော အရန်သားဖွား (၆)လသင်တန်းတွင် တက်ရောက်နေကြသည့် ကော့သောင်းခရိုင်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ သင်တန်းသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြင်ဦးလွင်မြို့ လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Oct 10,2023
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ် လင်းလက် ကြယ်စင်ဟိန်းကိုယ်ပိုင် အထက်တန်းကျောင်း ရွှေကံ့ကော်ခန်းမ၌ ကျင်းပသည်။