ချောက်မြို့၌ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ဥပဒေနှင့် စာရိတ္တဆိုင်ရာ အသိပညာ​ပေးဟောပြောပွဲ ကျင်းပ

ချောက် အောက်တိုဘာ ၁၀

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူး​ပေါင်း၍ အ​ခြေခံပညာ​ကျောင်းများတွင် အသိပညာ​ပေး​ဟော​ပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်၉နာရီက အမှတ်(၂)အ​ခြေခံပညာ အထက်တန်းကျောင်း စွယ်​တော်ခန်းမတွင် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ဥပဒေနှင့် စာရိတ္တဆိုင်ရာ အသိပညာ​ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ ဦး​ဌေး​ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာ​ရေးမှူး ဦးမန်း​အောင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ​ချောက်မြို့နယ်၊ အ.ထ.က ဂွေးချို​ကျောင်း၌ စက်မှု၊ စိုက်ပျိုး​ရေးနှင့် ​မွေးမြူ​ရေး အထက်တန်းကျောင်း ဖွင့်လှစ်မည့်အ​ကြောင်း ရှင်းလင်း​​​ပြောကြားခဲ့သည်။

ဆက်လက်၍ ​မြို့နယ်ဥပ​ဒေအရာရှိ​ ဒေါ်ဖြိုးသဥ္ဇာမင်းက “နာကျင်​စေမှုနှင့်​လောင်းကစား အကြောင်းကိုလည်း​ကောင်း၊”ခရိုင်ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းလှိုင်က “ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းများကိုလည်း​ကောင်း” ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသန်းက “လူကုန်ကူးမှုတားဆီးကာကွယ်​ရေးအ​ကြောင်း သိ​ကောင်းစရာများကို လည်းကောင်း၊”မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သန့်ဇင်ထူးက “မူးယစ်​ဆေးဝါးအန္တရာယ်အ​ကြောင်း သိ​ကောင်းစရာများကိုလည်း​ကောင်း”၊ “မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊”ဦးစီးအရာရှိ ​ဒေါ်သိမ့်ဝါက “စာရိတ္တမဏ္ဍိုင်နှင့်ပတ်သက်၍လည်းကောင်း”၊ ခရိုင်ရဲတပ်ဖွဲ့ ဒုခရိုင်ရဲမှူး​ မြင့်လွင်က “ခိုက်ရန်ဖြစ်ပွားမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုလည်း​ကောင်း” အသီးသီး ဟော​ပြောခဲ့ကြသည်။

အဆိုပါ အသိပညာ​ပေးဟော​ပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး​ဌေး​ကျော်နှင့် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာ​ရေးမှူး ဦးမန်း​အောင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ ဦးစိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ ၊ဌာနဆိုင်ရာအကြီးအကဲများ ယင်း​ကျောင်းရှိ​ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ၊​ ကျောင်းသား၊ ​ကျောင်းသူ စုစုပေါင်း(၁၈၁)ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)