မိုင်းခတ်မြို့နယ်တွင် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေ

 

မိုင်းခတ် အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ အမှတ်(၂)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒေသခံတိုင်းရင်းသားပြည်သူများအား လာရောက်ဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီအချိန်က စတင်၍ မြို့နယ်အားကစားခန်းမအတွင်းတွင် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါကပြဖျော်ဖြေပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်းနှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ မိုင်းခတ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊‌ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများက လွတ်လပ်ပျော်ရွှင်စွာ လာ‌ရောက်ကြည့်ရှု အား‌ပေးခဲ့ကြသည်။

ထို့နောက် အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(အဖွဲ့ငယ်)ဗိုလ်ကြီးဝေဦးအောင် ဦးဆောင်သော အနုပညာရှင်စစ်သည်၊ စစ်သမီးများက သီဆိုကပြမှုဖျော်ဖြေရေးအစီအစဉ်များ၊ တစ်ခန်းရပ်ဟာသပြဇာတ်များနှင့် မျက်လှည့်လက်လှည့်အစီအစဉ်များဖြင့် ခင်မင်ရင်းနှီးစွာ ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ ကြွရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ/ မြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ ဂုဏ်ပြုဆုတော်ငွေများချီးမြှင့်ခဲ့ကြောင်း ပွဲဖြစ်ရောက်ရေးကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)