ဟိုပန် အောက်တိုဘာ ၁၀ ရက်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်း၊ မော်တော်ဆိုင်ကယ်ဦးထုပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ ၊ မြို့လယ်အဝိုင်းတွင် ပြုလုပ်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၂၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးထွန်းဇော်မျိုးက မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးတပ်ဆင်ရန်၊ အသက်မပြည့်ပဲဆိုင်ကယ်စီးနင်းခြင်းမပြုရန်၊ (၂)ဦးထက်ပိုမိုစီးနင်းခြင်းမပြုရန်၊ ပြဌာန်းထားသော ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို လိုက်နာရန် အသိပညာပေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများအား မော်တော်ဆိုင်ကယ်ဦးထုပ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီနပ် နှင့်အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မင်းမောင် တို့က ကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို မှာကြားခဲ့သည်။
ဆက်လက်၍ ဥက္ကဌနှင့်အဖွဲ့သည် မြို့မဈေးသို့ သွားသည့်လမ်းအား ကြည့်ရှုစစ်ဆေးခြင်း၊ မြို့မဈေးတွင်း ဈေးရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဈေးအဝင်လမ်းတလျှောက် ချိုင့်ခွက်များဖြစ်နေမှုကို ပြုပြင်ဆောင်ရွက်သွားရန်၊ ဈေးဆိုင်ခန်းများကို စနစ်တကျရောင်းချစေရန် ၊မြို့မဈေးကို သန့်ရှင်းရေးအမြဲဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်ရေးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်