ကျောက်မဲ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွှဲ ၁နာရီအချိန်က အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်မြတ်ဝါက ပြိုင်ပွဲများပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျောင်းသား/သူလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဥ်းစားတွေးခေါ်တတ်စေရန်၊ အပြန်အလှန်မေးမြန်းဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ကျောင်းသား၊ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး ပြိုင်ပွဲတွင်အနိုင်ရသည့် ကျောင်းသား၊သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)