အင်းစိန်မြို့နယ်၊ အ.ထ.က(၃)ကျောင်းရှိ အလင်းသစ်ကျောင်းစာကြည့်တိုက်သို့ ဗဟုသုတရရှိစေမည့် စာအုပ်များလှူဒါန်း

ရန်ကုန် အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတများစွာရရှိစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် စာအုပ်များလှူဒါန်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ အ.ထ.က(၃)ကျောင်းရှိ အလင်းသစ်ကျောင်းစာကြည့်တိုက်တွင် လှူဒါန်းသည်။

လှူဒါန်းရာတွင် စာရေးဆရာ ရန်ကျော်+စာရေးဆရာမ သက်မှူးခင်(ရွှေကျွန်းမြေ)တို့က ဗဟုသုတရရှိစေမည့် စာအုပ်(၂၅)အုပ်လှူဒါန်းရာ အင်းစိန်မြို့နယ်၊ အ.ထ.က(၃)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးစီစီနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါစာအုပ်များကို အင်းစိန်မြို့နယ်၊ အ.ထ.က(၃)ကျောင်းရှိ အလင်းသစ်ကျောင်းစာကြည့်တိုက်တွင် စီစဉ်ထားရှိမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)