ကျောင်းသားကျောင်းသူများကို အသိပညာပေးဟောပြော၍ နံရံကပ်စာစောင်များပြသ

နမ့်စန်() အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဆောင်ရွက်သော အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်၉နာရီခွဲက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၄)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ပလတ်စတစ်သုံးစွဲမှုလျော့ချရေး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် အသိပညာ ပေးပုံပြင်များကို ပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ဆရာမများနှင့်ကျောင်းသားကျာင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်း၍ စာဖတ်ဝိုင်းဆောင်ရွက်ပေးကာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)