လူထုအခြေပြုဗဟိုဌာန၌ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်

မိုင်းယန်း အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် ပြောဆိုပေါင်းသင်းဆက်ဆံတက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် အခြေခံပညာမူလတန်းလွန်ကျောင်း(ပါမိုင်)မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး