သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့နယ်၊ ကျွဲရဲ(တောင်)၊ ကျွဲရဲ(မြောက်) ကျေးရွာများရှိ ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Oct 13,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့နယ်၊ ကျွဲရဲ (တောင်) ကျေးရွာ၊ ဒက္ခိဏာရာမကျောင်းတိုက်သို့ ရောက်ရှိရာ ဘဒ္ဒန္တဣကံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
မြောင်းမြမြို့နယ်၌ မြတ်မော်တင်စွန်းဘုရား ရင်ပြင်တိုးချဲ့ခြင်းနှင့် မြစိမ်းရောင်တောင်ဘုရား ဘက်စုံပြုပြင်မွမ်းမံခြင်း ခရိုင်အဆင့် အလှူငွေပေးအပ်ပွဲကျင်းပ
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ မြတ်မော်တင်စွန်းဘုရား ရင်ပြင်တိုးချဲ့ခြင်းနှင့် မြစိမ်းရောင်တောင်ဘုရား ဘက်စုံပြုပြင်မွမ်းမံခြင်း ခရိုင်အဆင့် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့၌ (၆၂) ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်ကြီး ကျင်းပနိုင်ရး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယအကြိမ်ကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ (၆၂)ကြိမ်မြောက် သံဃမဟာပဝါရဏာပွဲတော်ကြီး ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ဒေးဒရဲမြို့နယ် မြတ်စေတနာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Oct 13,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဒေးဒရဲမြို့နယ် မြတ်စေတနာ ဘိုးဘွားရိပ်သာနှင့် ဘိုးဘွားများအား ထောက်ပံ့ လှူဒါန်းသည့် ငွေပဒေသာပင်နှင့် ဂါရဝပြုပစ္စည်းများအား ဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက အမှတ် (၁)ရပ်ကွက်၊ မြတ်စေတနာ ဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ရေစီးရေလာကောင်းမွန်ရေးစက်ယန္တရားများအသုံးပြု၍ နေ့စဉ်ဆောင်ရွက်
Oct 13,2023
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ချောင်းကြီးမြောင်းကြီးများ ရေအရည်အသွေးကောင်းမွန်ရေး၊ ရေစီးရေလာကောင်းမွန်းရေးနှင့် သန့်ရှင်းသာယာရေးအတွက် လုပ်ငန်းကော်မတီဖွဲ့စည်း၍ အဖွဲ့ခေါင်းဆောင်နှင့်သန့်ရှင်းရေးဌာန၊ ရေနှင့်သန့်ရှင်းမှုဌာန၊ စည်ပင်သာယာ မြို့နယ်အုပ်ချုပ်ရေးမှုးများ ပါဝင်သည့်အဖွဲ့သည် သက်ဆိုင်ရာဌာနများမှ လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
Mandalay Smart Pay(MSP) စနစ်ဖြင့် အခွန်အခများပေးဆောင်ခြင်းကိစ္စများအား ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Oct 13,2023
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ရတနာပုံဘဏ်တို့စီမံဆောင်ရွက်လျှက်ရှိသော Mandalay Smart Pay(MSP)စနစ်ဖြင့် အခွန်အခများပေးဆောင်ခြင်းကိစ္စများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီရုံး၊ အခွန်ဌာန၊ ရေခွန်ဌာနခွဲရုံးခန်းမတွင် ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင် ကမ္ဘာ့မျက်မမြင်ပ‌ပျောက်ရေးနေ့ အခမ်းအနားကျင်းပ
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မျက်စိရောဂါအထူးကုဆေးရုံကြီးရှိ အမျိုးသားမျက်စိဘဏ်(ရန်ကုန်)၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ကမ္ဘာ့မျက်မမြင်ပ‌ပျောက်ရေးနေ့ (World Sight Day) အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှသိန်း၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မျက်စိရောဂါအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မြင်းခြံမြို့တွင် စက်မှု၊ စက်ပျိုး၊ မွေးမြူရေး အတတ်ပညာဆိုင်ရာ သင်ယူမှုအခွင့်အလမ်းများ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Oct 13,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား/ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာဆိုင်ရာ သင်ယူမှု အခွင့်အလမ်းများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြင်းခြံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။