သတင်းများ

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံစက်မှုဇုန်ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Oct 12,2023
ကရင်ပြည်နယ်အတွင်းရှိ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသထုတ်ကုန်များ အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံစက်မှုဇုန် ကြီးကြပ်မှုကော်မတီရုံး၌ အဆိုပါဇုန်အတွင်းရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် သတ်မှတ်နေရာများအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေး သတ်မှတ်နေရာများထားရှိပေးထားရာ နေရာများသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ ကွင်းဆင်း စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ ထန်းတောင်သူများ ထန်းလျှက်ဈေး ပုံမှန်သာရောင်းချနေရ
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ထန်းတောင်သူများ ထန်းလှက်ဈေး ပုံမှန်ဈေးနှုန်းဖြင့်ရောင်းချနေရပြီး ထန်းတောင်သူလုပ်ငန်း ပြန်လည်လုပ်ကိုင်မှုမနှစ်က ထက်ပိုများခဲ့ကြောင်း ရှင်မိန်ကျေးရွာ ထန်းတောင်သူ ဦးဝင်းမောင်ထံကသိရသည်။
ဝမ်းတွင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်းကျောင်းခွဲ အမှတ်(၅)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စာအုပ်စာစောင်များငှားရမ်းပေး
Oct 12,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များကို ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင် များကိုငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား သုတ/ရသ စာအုပ်/စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်း က အခြေခံပညာအလယ်တန်းကျောင်းခွဲ အမှတ်(၅)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ်၌ အသက် ၉ နှစ်မှ ၁၂ နှစ်အထက် မကျော်သော မိန်းကလေးများအားသားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ
Oct 12,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အသက် ၉ နှစ်မှ ၁၂ နှစ်အထက်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) များထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၂ ရက်နေ့ထိ (၁၃၀၁)ဦးထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စောင်ပြပွဲအား ခင်းကျင်းပြသခြင်းနှင့် နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Oct 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ကျောင်းသား/ ကျောင်းသူများအား စာပေကိုလေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက ကျင်းပဆောင်ရွက်ခဲ့​ကြောင်း သိရပါသည်။