သတင်းများ

ကသာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jul 30,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ကျန်တောကျေးရွာအုပ်စုဓမ္မာရုံတွင် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ ချပြရှင်းလင်းဆွေးခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ အသက် (၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ဆေးဝါးအလှူတော်ငွေများ လိုက်လံလှူဒါန်း
Jul 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများက အငြိမ်းစားယူခဲ့ကြသည့် အသက် (၇၀)နှစ်နှင့် အထက် သက်ကြီး၊ ဝါကြီး ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူဟောင်းများက (၈၄) ကြိမ်မြောက် ဆေးဝါးအလှူတော်ငွေများ လှူဒါန်းခြင်းကို  ယနေ့နံနက်ပိုင်းက လိုက်လံလှူဒါန်းပေးအပ်လျက်ရှိကြောင်း သိရသည်။
မုံရွာမြို့၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကင်းရှင်းရေး လက်တွေ့သဏ္ဍာန်တူ သရုပ်ပြ
Jul 30,2025
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပညာ‌ရေးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သဏ္ဍာန်တူ သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပသည်။
ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲ၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီ က ဟင်္သာတတက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲ၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် သင်တန်းပေးခြင်း လုပ်ငန်းများဆောင်ရွက်
Jul 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မကူးစက်နိုင်သောရောဂါများကာကွယ်ထိန်းချုပ်ရေးအတွက် စေတနာ့ဝန်ထမ်းများအား သင်တန်းပေးခြင်းလုပ်ငန်းများကို ဇူလိုင်လ ၂၈ ရက်နေ့က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် မိုးစပါးစိုက်လယ်မြေများ သွင်းအားစုများဖြန့်ဝေ
Jul 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စပါးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစု ဓာတ်မြေ သြဇာများ ဖြန့်ဖြူးပေးလျက်ရှိသည့်လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက မြို့နယ်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ
Jul 30,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁)ရပ်ကွက်တောင်သူ ဦးအုန်းကျော်၏နေအိမ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်
Jul 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ငပု‌တောမြို့ မြောက်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။