ဒေးဒရဲမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် မိုးစပါးစိုက်လယ်မြေများ သွင်းအားစုများဖြန့်ဝေ

ဒေးဒရဲ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စပါးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစု ဓာတ်မြေ သြဇာများ ဖြန့်ဖြူးပေးလျက်ရှိသည့်လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက မြို့နယ်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါသွင်းအားစုများ ဖြန့်ဖြူးပေးနေမှုအား မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုးစပါးစိုက်ဧကများတွင် လိုအပ်လျက်ရှိသည့် သွင်းအားစုဓာတ်မြေသြဇာအိတ်များ အချိန်မီ တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မည့် ကျေးရွာအုပ်စု (၃၁) အုပ်စုက တောင်သူ (၁၀၄၇) ဦး၏ မိုးစပါးစိုက်ဧက (၁၇၅၀၀)ဧကအားအချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးနည်းစနစ်များနှင့်သွင်းအားစုများ ဖြန့်ဖြူးပေးအပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အေဇာလင်း