ငါန်းဇွန်မြို့နယ်၌ ပြည်သူများအား စားအုန်းဆီများဈေးနှုန်းသက်သာစွာ ရောင်းချပေး
May 02,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ၍ မြို့ပေါ် (၄) ရပ်ကွက်ရှိ အိမ်ထောင်စုဝင်ပြည်သူများအား စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ တစ်ပိဿာ (၈၂၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။