ကန့်ဘလူ ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁)ရပ်ကွက်တောင်သူ ဦးအုန်းကျော်၏နေအိမ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နည်းပညာပေးဆွေးနွေးပွဲတွင် ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင် ၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်တို့က တောင်သူများသီးနှံစိုက်စွမ်းအား မြင့်မားတိုးတက်ရေးအတွက် သီးထပ်၊သီးညှပ်တိုးချဲ့စိုက်ပျိုးရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဌာနနှင့်တောင်သူများ စဥ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့ကိုပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊ မျိုး၊ ပိုး တာဝန်ခံများက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သီးနှံအလိုက်၊ ရက်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို ဆွေးနွေးပြောကြားကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနဗင့်ဝန်ထမ်းများ၊ အမှတ်(၁) ရပ်ကွက်ရှိ ဒေသခံတောင်သူ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း