သတင်းများ

မင်းဘူး(စကု)မြို့နယ် သိမ်ကုန်းစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စိုက်ပျိုးပညာပေးသင်တန်းဖွင့်လှစ်
Jul 31,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် သိမ်ကုန်းစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ တောင်သူများအတွက် စိုက်ပျိုးပညာပေးသင်တန်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တောင်ကြီးမြို့နယ်၊ ရွှေညောင်တိုက်နယ်ဆေးရုံ ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေး
Jul 31,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ပြည်နယ်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့နှင့်အတူ တောင်ကြီးမြို့နယ်၊ ရွှေညောင်တိုက်နယ်ဆေးရုံတွင် ကမ္ဘောဇ Group မှ ဆောက်လုပ်လှူဒါန်းမည့် ဆေးရုံမြေနေရာအား ယမန်နေ့ညနေ ၄ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်
Jul 31,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က မြို့မအားကစားကွင်းတွင် ပြုလုပ်သည်။
မုဒုံမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များအားထောက်ပံ့
Jul 31,2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင် ၂၈ ရက်က သိမ်ကုန်းရပ်ကွက်နှင့် စိန်တောင်ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်များအား သွားရောက်ထောက်ပံ့ပေးအပ်သည်။
ရပ်စောက်၌ ပြောင်းလုပ်ငန်းအသင်း၏(၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်းကာလအတွက် မြို့နယ်အလုပ်အမှုဆောင်ရွေးခြယ်ခြင်း အခမ်းအနားကျင်းပ
Jul 31,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြောင်းလုပ်ငန်းအသင်း၏ (၂၀၂၅-၂၀၂၈)ခုနှစ် သက်တမ်းကာလအတွက် မြို့နယ်အလုပ်အမှုဆောင်ရွေးခြယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။
ပခုက္ကူမြို့နယ်၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့ အရန်သင့်စုဖွဲ့ထားရှိ
Jul 31,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်ရေးအဖွဲ့ကို လူ/ယာဉ်/ စက်ကိရိယာများဖြင့် အရန်သင့်စုဖွဲ့ ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
သဲဖြူတောရနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော်ကြီး  စစ်တွေမြို့ပေါ်ရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းလှူဒါန်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့်  ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးများလှူဒါန်း
Jul 31,2025
သဲဖြူတောရနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက  စစ်တွေမြို့ပေါ်ရှိ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ လှူဒါန်းခြင်းနှင့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးများလှူဒါန်းခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် မြတ်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတို့၌ကျင်းပသည်။
 မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂ဝ၂၅)ဆင်းပွဲအခမ်းအနားကျင်းပ
Jul 31,2025
မိတ္ထီလာတက္ကသိုလ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ္ထီလာတက္ကသိုလ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂ဝ၂၅) ဆင်းပွဲအခမ်းအနားကို  ဇူလိုင် ၃ဝ ရက် မွန်းလွဲ ၂ နာရီက  အဆိုပါတက္ကသိုလ်၏ ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။