ဟင်္သာတ ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီ က ဟင်္သာတတက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲ၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ အခြေခံရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်အောင်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်များနှင့် ကြက်ခြေနီအသင်းအကြောင်း သိကောင်းစရာများ၊ သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား ဟင်္သာတတက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ကျောင်းသား/သူ ကျား (၆၀)ဦး၊ မ (၁၂၀)ဦး၊ စုစုပေါင်း (၁၈၀)ဦး တို့အား ဟင်္သာတတက္ကသိုလ်၊ အင်္ဂလိပ်စာဌာန၊ “ရွှေဟင်္သာ” ခန်းမတွင် ၃ဝ.၇.၂၀၂၅ ရက်နေ့မှ ၄.၈.၂၀၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်အောင်နှင့် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဟင်္သာတ တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မိုးမင်းစိုး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ချိုကြည်သန်းနှင့် ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဆွေဆွေယုနှင့် သင်ကြားရေးဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ နည်းပြဆရာ/ဆရာမများနှင့် ဘာသာရပ်အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ(၁၈ဝ)ဦး စုစုပေါင်း (၃၀ဝ) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)