ကျွန်းစုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ကျွန်းစု ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ​မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများကျင်းပရာ၌ စာစီစာကုံးပြိုင်ပွဲတွင် မိုးသို့လွင့်ပျံ လွတ်လပ်ရေးရဲ့အသံခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် လွတ်လပ်ရေးအမွေထိန်းစို့လေ ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ စာစီစာကုံးပြိုင်ပွဲတွင် ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ (၄၇)ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မွန်းလွဲ(၁)နာရီအချိန်တွင် ကျပန်းစကားပြောပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် အ.ထ.က ကျွန်းစုကျောင်းမှ (၃၂)ဦး၊ အ.ထ.က ကတ္တလူကျောင်းမှ (၂၆)ဦး၊ အ.ထ.က ပထက်ကျောင်းမှ (၆)ဦး၊ အ.ထ.က တလပိုင်းမှ (၃)ဦး၊ အ.ထ.က(ခွဲ)ကတန်ကျောင်းမှ (၇)ဦး၊ အ.ထ.က (ခွဲ)ကမ်းကြီးကျောင်းမှ (၂)ဦး၊ အ.ထ.က (ခွဲ) ကဘင်းချောင်းမှ (၆)ဦး၊ အ.လ.က ကဖွားကျောင်းမှ (၂)ဦး၊ အ.လ.က ကုလားကျွန်းကျောင်းမှ (၂)ဦး၊ မူလွန်ထိန်ချောင်းမှ (၆)ဦး၊ စုစုပေါင်း(၉၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)