(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ကျင်းပ

ရွှေဘို ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို  မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အ​​ခြေခံပညာအထက်တန်းကျောင်း ​ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် သူ့ကျွန်မခံဇာတိမာန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် လွတ်လပ်ရေး​နေ့တို့မ​မေ့ ခေါင်းစဉ်ဖြင့် လည်းကောင်း မူလတန်းအဆင့်တွင် လွတ်လပ်​ရေးပွဲ​တော်တို့နွဲ​ပျော် ခေါင်းစဉ်ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြပြီး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဘိုးဘွား​ပေး​ဝေချစ်အ​မွေ ခေါင်းစဉ်ဖြင့်လည်း​ကောင်း ရွှေဘိုမြို့နယ် ကျောင်းပေါင်းစုံရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း (၆၆)ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါပြိုင်ပွဲသို့ ခရိုင်/မြို့နယ်ပညာ​ရေးမှူး ရုံးမှတာဝန်ရှိသူများ အထက်တန်း​ကျောင်းအုပ်ကြီးများက ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများအား ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။

ခရိုင်ပြန်/ဆက်