မြင်းခြံမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မြင်းခြံ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁) ကျောင်းတွင်ပြုလုပ်ခဲ့သည်။

အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် စာစီစာကုံးခေါင်းစဉ်အား မဲနှိုက်ရွေးချယ်ကာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် "လွတ်လပ်ရေးမော်ကွန်း" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ဖြေဆိုရပြီး အထက်တန်းအဆင့်တွင် ကျောင်းသား/ကျောင်းသူ(၇)ဦးနှင့် အလယ်တန်းအဆင့်တွင် ကျောင်းသား/ကျောင်းသူ (၇)ဦး အသီးသီး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)