သတင်းများ

မိုင်းတုံမြို့၌ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
May 02,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ (၁၃၅) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် ဒေသထွက်ကုန် MSMEs ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကျင်းပ
May 02,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၈)ရပ်ကွက်တွင် (၁၃၅)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် ဒေသထွက်ကုန်(MSMEs) ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့၌ တက္ကသိုလ်ပါမောက္ခများမှ Grade 12 ကျောင်းသား၊ ကျောင်းသူများအား Face to face သင်ကြားပို့ချ
May 02,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် Grade 12 ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ပါမောက္ခများမှ Face to Face သင်ကြားပို့ချခြင်းကို အ.ထ.က(၂)ကျောင်း ရတနာခန်းမ၌ ယနေ့နံနက်(၉)နာရီတွင်ပြုလုပ်သည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား
May 02,2025
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက် ၆၆လမ်း*၃၅လမ်းထောင့်ရှိ မြပါဝါစက်သုံးဆီ အရောင်းဆိုင် (၁) တွင် မေလ ၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ စိုက်ပျိုးရေးတောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေး
May 02,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူးပေးသည့် ယူရီယားဓာတ်မြေဩဇာများကို တောင်သူများအား မြို့နယ်အဆင့်ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရေးကော်မတီမှ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှေ့တွင် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
လိပ်သိုဒေသထွက် သဘာဝအော်ဂဲနစ် ငှက်ပျောသီးများ ဈေးကောင်းရရှိ
May 02,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှ ဒေသခံများမှာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိစေရန် နှစ်ရှည်၊ နှစ်တိုသီးနှံပင်များကို စိုက်ပျိုးလျက်ရှိကြရာ ငှက်ပျောမျိုးစုံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြပြီး ဒေသထွက် ငှက်ပျောသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ကလေးမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်၌ ဒုတိယအကြိမ်မြောက် လက်ဝှေ့ပြိုင်ပွဲကျင်းပ
May 02,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။