မုဒုံ ဇူလိုင် ၃၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင် ၂၈ ရက်က သိမ်ကုန်းရပ်ကွက်နှင့် စိန်တောင်ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်များအား သွားရောက်ထောက်ပံ့ပေးအပ်သည်။
ထို့သို့ဆောင်ရွက်ရာတွင် မုဒုံမြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အဆိုပါကျေးရွာရှိ လူနေအိမ် (၃) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၃၈)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၉၀၀၀၀ဝ)ကျပ်၊ လူဦးရေ (၁၇၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၈၈၅၀၀ဝ)ကျပ်နှင့်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းတို့အတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀ဝ)ကျပ်တို့အားလည်းကောင်း၊ ထုံမံကျေးရွာ၌ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀၀၀ဝ)ကျပ်နှင့် လူဦးရေ (၁၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆၅၀၀ဝ)ကျပ်တို့အားလည်းကောင်း၊ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀၀၀ဝ)ကျပ်နှင့် လူဦးရေ(၁၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆၀၀၀ဝ)တို့ကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါပုံး (၆)ပုံး စုစုပေါင်း ထောက်ပံ့ငွေ (၃၇၆၀၀၀ဝ)ကျပ်တိတိအား လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)