ရပ်စောက် ဇူလိုင် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ပြောင်းလုပ်ငန်းအသင်း၏ (၂၀၂၅-၂၀၂၈)ခုနှစ် သက်တမ်းကာလအတွက် မြို့နယ်အလုပ်အမှုဆောင်ရွေးခြယ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးအောင်မင်းသိန်းကအမှာ စကားပြောကြားသည်။ ထို့နောက် ပြည်နယ်အလုပ်အမှုဆောင် ဦးကျော်ကျော်နိုင်နှင့် ဦးရဲထွန်းတို့က နှုတ်ခွန်းဆက်အမှာစကားနှင့် အသင်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ရွေးချယ်ခြင်းဆိုင်ရာကိစ္စများ စီစဉ်ဆောင်ရွက်ခြင်း၊ ထွေထွေကိစ္စရပ်များဆွေးနွေးခြင်း၊ မိတ်ဖက်ဘဏ်နှင့် ကုမ္ပဏီများမှ မိတ်ဆက်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား ခေတ္တရပ်နားခဲ့ကြသည်။ ၎င်းနောက် ပြည်နယ်ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးအောင်မင်းသိန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းစိုးနိုင်တို့က အမှာစကားပြောကြားပြီး မြို့နယ်ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က မိတ်ဆက်စကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး၊ ပြောင်းလုပ်ငန်းလူငယ်အသင်းဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးတို့ကအသင်းကိစ္စများ၊ မိတ်ဆက်စကားများ ပြောကြားခဲ့ကြကာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)