ငွေဆောင်မြို့ဌာနဆိုင်ရာများမှ မြို့အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ငွေဆောင် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်း စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်စေရေး အတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများနှင့် ပူးပေါင်း၍ ယနေ့နံနက် (၈း၀၀)နာရီက မြို့အတွင်း လူစည်ကားရာနေရာများတွင် အများပြည်သူများအား စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့အား အမှိုက်ကင်းစင်သော မြို့ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကာ မြို့စည်ပင်သာယာရေး ဦးစီးအရာရှိ ဦးအောင်ကျော်စိုး ဦးဆောင်၍ မြို့စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေး စာရေးဝန်ထမ်းများမှ မြို့အဝင်ဆိုင်းဘုတ်နှင့် မြို့မစျေးထိပ်တို့တွင် အများပြည်သူတို့အား စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ကြရန် အသိပညာပေး ပြောကြားခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ငွေဆောင်မြို့စည်ပင် သာယာရေးအဖွဲ့သည် မြို့ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြို့အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေးအတွက် လူစည်ကားရာ နေရာများတွင် သတိပေး ဆိုင်းဘုတ်များ ချိတ်ကပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စနစ်တကျ အမှိုက်စွန့်ပစ်စေရန်အတွက် အမှိုက်ပုံးများ ထားရှိခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်