ရေဦးမြို့အောင်ချမ်းသာရပ်ကွက်တွင် စားဆီများ ဆက်လက် ရောင်းချပေး

ရေဦး ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုရအဖွဲ့၏ အစီအစဉ်ဖြင့် ဒီဇင်ဘာလ၂၆ ရက် နံနက် ၉ နာရီက ရေဦးခရိုင် ရေဦးမြို့ အောင်ချမ်းသာရပ်ကွက်ရုံးတွင် ဒေသခံပြည်သများအား စားဆီများ တန်ဖိုးသင့်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

စားဆီများ ရောင်းချပေးရာတွင် အိမ်ထောင်စုတစ်ုလျှင် စားဆီ ငါးဆယ်ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု ၂၅၀ စုကို တန်ဖိုးသင့် စားဆီဈေးနှုန်း ၅၇၀၀ ကျပ်ဖြင့် စုစုပေါင်းစားဆီ ၁၂၅ ပိဿာ ရောင်းချပေးခဲ့သည်။ စားဆီရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့၀င်များ၊ သက်ဆိုင်ရာဌာနတာ၀န်ရှိသူများက အနီးကပ် စောင့်ကြပ် ကြည့်ရှုကာ လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းသန်း (ရေဦး)