ညောင်တုန်း ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယား ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆားမလောက်-ညောင်တုန်း လမ်းမပေါ်၌ ပေးအပ်ခဲ့သည်။
ထိုသို့ ဖြန့်ဖြူးပေးအပ်ရာတွင် မြို့နယ် ဓာတ်မြေဩဇာ စနစ်တကျ ဖြန့်ဖြူးပေးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းအများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၄)အုပ်စုရှိ မိုးစပါးစိုက် တောင်သူ (၆၇၀)ဦးအတွက် မိုးစပါးစိုက်ပျိုးရာတွင် အသုံးပြနိုင်ရန် ယူရီးယား ဓာတ်မြေဩဇာအိတ်များကို ဖြန့်ဝေပေးခဲ့ရာ တောင်သူများကိုယ်စား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)