ညောင်တုန်း ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးမှ အမျိုးသမီးကော်မတီ၏ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ကူညီပံ့ပိုးပေးနိုင်ရေး အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ပေါ်နွေးဖိုင်က မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးရာ မြို့နယ်အမျိုးသမီး ကော်မတီအဖွဲ့ဝင်များမှ အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အမျိုးသမီးကော်မတီအဖွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)