ကျိုက်လတ်မြို့နယ်၌ မဟာဒုတ်ဘုရားအား ဆွမ်းတော်ကြီးဆက်ကပ် လှူဒါန်းပူ‌ဇော်ပွဲကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၈)ဖြတ်လမ်း၊ ညောင်ငူ ပရိယတ္တိစာသင်တိုက်တွင် (၇၉)ကြိမ် မြောက် မဟာဒုတ်ဘုရားပွဲတော် ကျင်းပလျက်ရှိရာတွင်  နတ်တော်လဆန်း (၁၄)ရက် ညနေပိုင်းက ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပူဇော်ပွဲ၌ ဆွမ်း၊ ခဲဖွယ်၊ ချိုချဉ်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဝတ္ထုတို့ကို ဗုဒ္ဓဘုရားအမှူးပြုသော မဟာဒုတ် ဘုရားအား အလှူရှင်များက ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။

အဆိုပါ မဟာဒုက်ဘုရားပွဲတော်ကို ညောင်ငူပရိယတ္တိစာသင်တိုက်အတွင်း နတ်တော်လပြည့်နေ့တွင် ဘုရားဒါယိကာ ရွေးချယ်ပွဲနှင့် မဟာဒုတ် ဘုရားမဲဖောက်ခြင်းကို ကျင်းပသွားမည်ဖြစ်ပြီး ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ၊ ‌ဖျော်ဖြေရေးအစီအစဉ်များအား ဒီဇင်ဘာလ  (၂၈)ရက် နေ့ထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် (၂၈-၁၂-၂၀၂၃) ရက်နေ့၊ ညနေ(၄)နာရီတွင် စတုဒိသာ နိဗ္ဗာန်ဈေးဖွင့်လှစ်၍ အလှူရှင်များက ဘုရားဖူးလာရောက်ကြသူများအား  အာဟာရဒါနမျိုးစုံ လှူဒါန်းကျွေးမွေးခြင်း အစီအစဉ်များလည်း ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

လှိုင်မင်းအောင်