မိုင်းပျဉ်းမြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ် ၊ အဘိတ်ဆေးခပ်ခြင်း ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို သက်ဆိုင်ရာဌာနများ စုပေါင်း၍  ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၁) ရက် နံနက် ၁၀ နာရီက မြို့တွင်းရှိ မြို့ပေါ်ရပ်ကွက် (၃) ခုတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာ၌  မြို့နယ်ကျန်းမာရေးဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ မြို့ပေါ်ရပ်ကွက် (၃) ခုရှိ ဘုန်းကြီးကျောင်းများ၊ မူလတန်းကြိုကျောင်းများတွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)